ကရင်ပြည်နယ် ဘားအံမြို့တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားပြုစုသော သူ့အသက်ကိုချစ်ပါလေ စာအုပ်မှ ပရက္ကမဆရာတော်နှင့် သက်သတ်လွတ်

အသက်သတ်လွတ်စားခြင်းနှင့်  ပတ်သက်၍  စစ်ကိုင်းတောင်အနောက်ပရက္ကမချောင်  ဆရာတော်ကြီး၏  အဆိုအမိန့်များကို  မတင်မှီ    ပရက္ကမချောင်  သမိုင်းအကျဉ်းကို  ဖော်ပြပါမည်။  အနောက်  ပရက္ကမချောင်သည်  စစ်ကိုင်းတောင်ရိုး  ဥမင်သုံးဆယ်  ဘုရား၏  မြောက်ဘက်ချောက်ထဲတွင်  တည်ရှိပါသည်။ သမိုင်းဟောင်း မြန်မာသက္ကရာဇ်  ၆၇၄  ခုနှစ်တွင်   ပင်းယမြို့ကို  စတင်သည်ထောင်သော  တစီးရှင်  သီဟသူ၏  သားတော်ကြီး  ဥစ္စာနာ(ဥဇနာ)မင်း      ဖြစ်သောအခါ  ‘ ပင်းကျား’ အရပ်၌  စကားခုနစ်ကျောင်းကို  ဆောက်လုပ်၍  သက္ကရာဇ် ၇၀၂-ခုနှစ်အတွင်း  ထိုစကားကျောင်းများကို  အသီးသီးရေစက်  သွန်းလောင်း  ကျောင်းလွှတ်ပူဇော်  သာဓုခေါ်ပွဲ  ကျင်းပတော်မူ၏။ စကားခုနစ်ကျောင်း  သံဃာတို့အား  ဝတ္ထုကံမိုးမြေ  အများအပြားကိုလည်း  လှူတော်မူ၏။  ယင်းဝတ္ထု  ကံမိုးမြေတို့ကို  အမှီပြု၍  မြေမှုမြေ ခင်းများ  ဖြစ်ကြသောကြောင့်  … Continue reading ကရင်ပြည်နယ် ဘားအံမြို့တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားပြုစုသော သူ့အသက်ကိုချစ်ပါလေ စာအုပ်မှ ပရက္ကမဆရာတော်နှင့် သက်သတ်လွတ်